အီတလီစီးရီးအေကလပ် ရိုးမားအသင်းတွင် အငှားကစားလျက်ရှိသည့် တိုက်စစ်ကစားသမား အီဗန်ဖာဂူဆန်သည် ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မည်ဖြစ်ပြီး အိုင်ယာလန်အသင်း ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်ကိုလည်း လွဲချော်သွားတော့မည် ဖြစ်သည်။
တိုက်စစ်ကစားသမား ဖာဂူဆန်သည် ခွဲစိတ်ကုသမှုခံယူရန် မိခင်ကလပ် ဘရိုက်တန်အသင်းနှင့် ပြန်လည်ပူးပေါင်းသွားမည်ဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် ဖာဂူဆန်သည် ရိုးမားအသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားထားပြီး ငါးဂိုးသွင်းယူပေးထားသည်။ အိုင်ယာလန်အသင်းသည် မတ်လ ၂၆ ရက် တွင် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်တွင် ချက်ဇ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မိုးဇက်


