အင်ဒီးယန်းဝဲလ်စ်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၆၄ ဦး အဆင့် တွင် ကာဇက်စတန်နာမည်ကြီး တင်းနစ်မယ် အီလန်နာရွိုင်ဘာကီနာက ပြိုင်ဘက် အမေရိကန်တင်းနစ်မယ် ဟေလီဘက်တစ်စတေးကို ၇-၆ (၇-၅)၊ ၂-၆၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၃၂ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ရွိုင်ဘာကီနာသည် ၂၀၂၃ ခုနှစ် အင်ဒီးယန်းဝဲလ်စ်အိုးပင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးထားသည်။ ထို့ပြင် ၎င်းသည် ဇန်နဝါရီလက ယှဉ်ပြိုင်ကစားခဲ့သည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် ဆာဘယ်လင်ကာကို အနိုင်ယူကျော်ဖြတ်ကာ ဖလားဆွတ်ခူးထားသူဖြစ်သည်။
ရွိုင်ဘာကီနာနှင့်အတူ အင်ဒီးယန်းဝဲလ်စ်အိုးပင်းပြိုင်ပွဲ ၃၂ ဦးအဆင့်သို့ အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ဆာဘယ်လင်ကာ၊ ဆိုဆာကာ၊ ရာဒူကာနူ၊ အနီဆီမိုဗာ၊ အမ်ဘိုကို၊ အယ်လာ၊ ပါအိုလီနီတို့ တက်ရောက်နိုင်ခဲ့သည်။
မိုးဇက်


