မတ် ၁၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် အိမ်နံရံတစ်ခု ပြိုကျမှုကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့သည်။

အသက် ၅ နှစ်မှ ၁၀ နှစ်ကြားရှိ ကလေးနှစ်ဦးသည်  မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က လမ်းဘေးတွင် ဆော့ကစားနေစဉ် အနီးအနားရှိ နေအိမ်၏ နံရံ ရုတ်တရက် ပြိုကျမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

ဒေသခံများက ကလေးနှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံရောက်ရှိချိန်တွင် ၎င်းတို့နှစ်ဦးသေဆုံးသွားသည်ဟု  ဆရာဝန်များက ပြောကြားသည်။

ထိုနံရံပြိုကျမှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို