ရန်ကုန် မတ် ၁၂
ကမ္ဘာ့ကျောက်ကပ်နေ့(World Kidney Day) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းရှိ ကန်သာယာဆေးရုံ၌ ကျင်းပသည်။
ဦးစွာ ဒေါက်တာဝင်းမြတ်ဦးက အမှာစကားပြောကြားပြီး ဒေါက်တာအောင်ချမ်းငြိမ်းက ကျောက်ကပ်အကြောင်း သိကောင်းစရာများ ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
ထို့နောက် ကျောက်ကပ်ကျန်းမာရေးအကြောင်းကို ဒေါက်တာ အောင်ကိုလွင်က လည်းကောင်း၊ ကျောက်ကပ်အစားထိုးကုသ အောင်မြင်ခြင်းအကြောင်းကို ဒေါက်တာရဲလင်းထွန်းက လည်းကောင်း ရှင်းလင်းပြောကြားပြီး ကျောက်ကပ်လှူဒါန်းသူ နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ထို့ပြင် GAIA Pilates Studio မှ လေ့ကျင့်ခန်းအစီအစဉ်များကို ပြသပေးခဲ့ကြောင်း သိရသည်။
ဗလ


