ပြည်ပဝယ်ယူမှုတွင် ဈေးပိုရရှိနေသည့် မြန်မာ့ပဲစင်းငုံနီ

ရန်ကုန် ၂၂ မတ်


ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီက ဈေးတက်လာပါတယ်။ပြီးခဲ့တဲ့ အပတ်ကလည်း  ဈေးအနည်းငယ်တက်ခဲ့ပါတယ်။ လက်ရှိ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ(RC 2017 ) ကိုသာ အဓိက ပြည်ပတင်ပို့မှု ပြုလုပ်နေခဲ့ပြီး အနည်းငယ်သာ တင်ပို့မှုကြောင့် ဈေးက တက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ထို့ပြင် ပြည်ပဝယ်ယူမှုမှာလည်း ဈေးပို ရရှိနေခဲ့ပါတယ်။


နယ်အများစုမှာလည်း ပဲစင်းငုံနီကို လျှော့ ချစိုက်ပျိုးမှုတွေကြောင့် ပဲဝင်ရောက်မှုနည်းပြီး ဈေးက တက်နေခဲ့တာလည်း ဖြစ်ပါတယ်။


တစ်ပတ်အတွင်း ပဲစင်းငုံနီက တစ်တန်ကို ၇၅၀ဝ၀ဝ အထိ ဈေးမြင့်တက်ခဲ့ပြီး တစ်တန်ကို ၃၅၀ဝ၀ ကျော်ဈေး တက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကျပ် ၂၇၀ဝ၀ ရှိပြီး တစ်တင်းကို ကျပ် ၁၀ဝ၀ ၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၃၀ဝ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၂၀ဝ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကျပ် ၂၆၅၀ဝ ကျပ်ရှိပြီး တစ်တင်းကို ကျပ် ၅၀ဝ ဈေးတက်လာပါတယ်။


ဝတ်ရည်မွန်(AMIA)
Photo Credit. ရွှေတောင်သူဈေးကွက်သတင်း