မတ် ၁၃
ဖိလစ်ပိုင်နိုင်ငံတွင် ဖိလစ်ပိုင်လူမျိုး ၂ ဒသမ ၉၆ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ရာ အလုပ်လက်မဲ့နှုန်းသည် ဇန်နဝါရီလတွင် ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က ယနေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက စံချိန်တင်အလုပ်လက်မဲ့နှုန်း ၄ ဒသမ ၃ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားကြောင်း ထိုအချက်အလက်များက ပြသနေသည်။
ကမ္ဘာလုံးဆိုင်ရာ မရေမရာမှုများ မြင့်တက်လာနေချိန်တွင် ဖိလစ်ပိုင်အစိုးရသည် နိုင်ငံ၏ အလုပ်သမားအင်အားအတွက် ပံ့ပိုးမှုကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း စီးပွားရေး၊ စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (DEPDev) အတွင်းရေးမှူး Arsenio Balisacan က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းတွင်ဖြစ်ပွားနေသောပဋိပက္ခများဖြစ်ပွားနေချိန်တွင် အစိုးရအနေဖြင့် ထိခိုက်နစ်နာသော အလုပ်သမားများအား အကူအညီအထောက်အပံ့များ ချက်ချင်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


