မတ် ၁၃
ဂျပန်နိုင်ငံအရှေ့ပိုင်း မီတိုမြို့ရှိ ရထားလမ်းဆုံတွင် ယနေ့မနက်ပိုင်းက ရပ်နားမှုအကန့်အသတ်ရှိသော မြို့ပတ်အမြန်ရထားတစ်စင်းသည် ကားတစ်စင်းနှင့် တိုက်မိမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါရထားပေါ်တွင် ခရီးသည်နှင့် ရထားဝန်ထမ်း ၅၆၀ ခန့် လိုက်ပါလာကြောင်းနှင့် ကားအတွင်း လူတစ်ဦး ပါရှိကြောင်း ဖော်ပြထားသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးဟု သိရသည်။
ယင်းမတော်တဆမှုကြောင့် အီဘာရာကီစီရင်စုရှိ JR ဂျိုဘန်လိုင်းတွင် ဝန်ဆောင်မှုများကို တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားခဲ့ရကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


