ဟနွိုင်း မတ် ၁၄
ဗီယက်နမ်နိုင်ငံရှိ လုပ်သားများကို နေအိမ်မှ လုပ်ငန်းဆောင်ရွက်ရန်၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ညွှန်ကြားရခြင်းမှာ လောင်စာဆီချွေတာရေးနှင့် ခရီးသွားလာမှုဆိုင်ရာ ကုန်ကျစရိတ်များကို လျော့ကျစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗီယက်နမ် နယူးစ်အေဂျင်စီက သတင်းထုတ်ပြန်သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် ဈေးနှုန်းမတည်ငြိမ်မှုများဖြစ်ကာ လောင်စာဆီထောက်ပံ့မှုများကို အကျိုးသက်ရောက်မှုရှိလာပြီး ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံသားများအား စွမ်းအင်ချွေတာရေးနည်းလမ်းများအဖြစ် ကိုယ်ပိုင်ကားသုံးစွဲခြင်းကို လျှော့ချခြင်း၊ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခြင်းအပါအဝင် ခရီးတိုများအတွက် စက်ဘီးစီး၍သွားလာရန်နှင့် လျှပ်စစ်ယာဉ်များသုံးစွဲရန် ၎င်းဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


