ကွာလာလမ်ပူ   မတ်    ၁၆

မလေးရှားနိုင်ငံသည် နိုင်ငံ၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့်   ဉာဏ်ရည်တုနည်းပညာ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းနည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်တွင် မသေချာမှုမှုများ မြင့်တက်နေချိန်တွင် နိုင်ငံတိုင်း၌ အမျိုးသားစီးပွားရေး  ကြံ့ခိုင်မှုရှိစေရေး အပါအဝင် စီးပွားရေး၊ စွမ်းအင်၊ နည်းပညာနှင့် ထောက်ပံ့ရေးကွင်းဆက်များ ကောင်းစေ ရေးအတွက် ဦးစားပေးဆောင်ရွက်နေကြောင်းနှင့် မလေးရှားနိုင်ငံသည်လည်း ၎င်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီး ချန်လီကန်က ပြောကြားသည်။ ဆိုက်ဘာလုံခြုံရေးနှင့် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံကဏ္ဍတွင် ပြည်ပမှ နည်းပညာများကိုသာ အားပြုနေခြင်းမပြုဘဲ ပြည်တွင်းနည်းပညာကဏ္ဍတွင် ကိုယ်ပိုင်နည်းပညာဖြင့် အဆင့်မြင့်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း   ၎င်းက ပြောကြားသည်။ မလေးရှားနိုင်ငံအနေဖြင့်   နိုင်ငံ့စီးပွားရေး မြှင့်တင်ရာတွင် အကူအညီပေးသည့်  ပြည်တွင်းနည်းပညာများကို မြှင့်တင်ဆောင်ရွက်နေကြောင်း   ၎င်းက ပြောကြားသည်။

ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် မတည်ငြိမ်မှုများဖြစ်နေချိန်တွင် ပြည်တွင်းရှိ စွမ်းအင်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များကို မြှင့်တင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ