ပန်းတောင်း မတ် ၁၇

 

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်အတွင်း ကုလားပဲ၊ မြေပဲ၊ မတ်ပဲ၊ ဆောင်းနေကြာကို သီးညှပ် စိုက်ပျိုးကြသည့်အပြင် သီးသန့်လည်း စိုက်ပျိုးလျက်ရှိရာ မြို့နယ်အတွင်း ဆောင်းနေကြာ ၈၉၉ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

 

စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြကာ သုံးလအကြာတွင် ရိတ်သိမ်းရကြောင်း၊ သီးညှပ်စိုက်ပျိုးရာတွင် ကြဲပက်၍လည်းကောင်း၊ အတန်းစိုက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ ယခုအချိန်တွင် ပန်းတောင်းမြို့နယ်၌ နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ နေကြာစိုက်ခင်းများကို စတင်ရိတ်သိမ်းလျက်ရှိသည်။

 

လပြည့်လင်း(ပြန်/ဆက်)