နိုင်ရိုဘီ    မတ်     ၁၇

ကင်ညာနိုင်ငံတွင် မကြာသေးမီကဖြစ်ပွားခဲ့သည့်  ရေကြီးရေလျှံမှုအတွင်း သေဆုံးသူဦးရေသည် ၇၁ ဦးအထိ မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့က မတ် ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့ သည်။

သေဆုံးသူများ၏  ထက်ဝက်ကျော်သည် ကင်ညာနိုင်ငံ၏ မြို့တော် နိုင်ရိုဘီမှဖြစ်ပြီး  ရေနုတ်မြောင်း များ  ရေစီးရေလာ ညံ့ဖျင်းခြင်း၊   မြစ်များ ရေလျှံခြင်းနှင့်   အဆောက်အအုံဆိုင်ရာ ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့်  အခြေအနေကို  ပိုမိုဆိုးရွားစေခဲ့ကြောင်း ရဲတပ်ဖွဲ့က  ပြောကြားခဲ့သည်။ 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံ၏ဒေသအတော်များများတွင်   ရေကြီးရေလျှံမှုများ  ဖြစ်ပေါ်စေခဲ့ပြီး လမ်းများပိတ်ဆို့ခြင်းနှင့်   လူမှုစီးပွားဘဝများ  ထိခိုက်ခြင်းတို့ ဖြစ်ခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ