နေပြည်တော် မတ် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့နယ်၊ လဟယ်-ဟွေထိုက်-ပုံညိုနောက်အင်းကြား ၂၀ မိုင်အနက် မြေသားလမ်း ၃ မိုင် အပြီးသတ် ဖောက်လုပ်ခြင်းလုပ်ငန်းကို ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာမှ ဒေသခံပြည်သူ ၇၆၂၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


