နေပြည်တော် မတ် ၁၉

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ချက်များနှင့် သဘင်ပညာရှင်များ၏ အနုပညာ ရသစွမ်းရည်များ ဖော်ထုတ်ပြသမည့် “ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက်ဇာတ်လမ်းများ အစီအစဉ် ဆန်းသစ်တင်ဆက်မှုကို အပတ်စဉ် စီစဉ်တင်ဆက်ပေးလျက်ရှိသည်။

 

ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက် ဇာတ်လမ်းများ အစီအစဉ်တွင် “သဉ္ဇီဝဇာတ်တော်(အဇာတသတ်)”ကို ဖော်ပြထားသည့် “ကိုးကွယ်မှု မှားယွင်းခြင်း အပိုင်း(၁)ကို နန်းတော်ရှေ့ ဆရာတင်၏ မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး အကယ်ဒမီ အေးချမ်းမောင်၊ နန်းဝင်း၊ ယွန်းဝတ်လွှာအောင်၊ ရန်ရှင်းမောင်၊ ထက်မြက်အောင်၊ ပန်းအိစံ၊ ပန်းကဗျာ၊ ပိုးပိုးအိမ်၊ တောက်တဲ့၊ အောင်သွေးသစ်၊ လင်းမြတ်အောင်နှင့် ရွှေနန်းသဘင်အဖွဲ့သားများက ပါဝင်ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။၊

 

အဆိုပါ အစီအစဉ်ကို MRTV-HD Channel မှ မတ် ၂၁ ရက် စနေနေ့ ည ၉ နာရီတွင်လည်းကောင်း၊ MRTV Entertainment Channel မှ မတ် ၂၂ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီတွင်လည်းကောင်း ထုတ်လွှင့် ပြသမည်ဖြစ်ပြီး မတ် ၂၅ ရက် ဗုဒ္ဓဟူးနေ့ ည ၉ နာရီတွင် MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်