ရန်ကုန် မတ် ၁၉
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသင်္ဂီထွန်းသည် နီပေါကလပ် ဆန်ကာတာအသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ကစားမည်ဖြစ်သည်။
မြန်မာအမျိုးသမီးဘောလုံးသမားများတွင် ပထမဆုံးပြည်ပထွက်ကစားသူ၊ ပြည်ပအမျိုးသမီး ကလပ်အများအပြားတွင် ကစားခဲ့သူ ဝင်းသင်္ဂီထွန်းသည် ခြောက်သင်းမြောက် ပြည်ပကလပ်အသင်းအဖြစ် နီပေါကလပ် ဆန်ကာတာအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဝင်းသင်္ဂီထွန်းသည် ၂၀၂၁ ခုနှစ်မှစ၍ ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ပြီး အိန္ဒိယကလပ် သုံးသင်း၊ ထိုင်း၊ မလေးရှားကလပ်အသင်းတစ်သင်းစီတွင် ကစားခဲ့ကာ မလေးရှားကလပ် ဆာဘားအသင်းတွင် နောက်ဆုံးကစားခဲ့ခြင်းဖြစ်သည်။
ဝင်းသင်္ဂီထွန်းသည် ကစားခဲ့သည့် ပြည်တွင်း၊ ပြည်ပကလပ်အသင်းတိုင်းတွင် ဂိုးပေါင်းများစွာ သွင်းယူခဲ့သူဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အားထားရသည့် ဝါရင့်တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-Sankata FC


