ဘားအံ မတ် ၁၉
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းတွင် ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မျိုးနှင့်သွင်းအားစုများ ပံ့ပိုးရယူပြီး ဆောင်ရွက်လျက်ရှိသော မုက္ကဒိကျေးရွာရှိ “ရွှေဘုန်းကံ” စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်း၏ မြေပဲစိုက်အသင်းသား တောင်သူ ၇၀ ၏ စိုက်ဧက ၄၃၀ တွင် စိုက်ပျိုး ထားသော ဆောင်းဆီထွက်သီးနှံ(မြေပဲ) နုတ်သိမ်းနေမှုကို ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး မြေပဲတစ်ဧကလျှင် ၇၅ တင်း ထွက်ရှိကြောင်း သိရသည်။
သတင်းစဉ်


