မတ် ၂၃
နီပေါနိုင်ငံတွင် လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်၏ ပထမရှစ်လအတွင်း ပြည်ပကုန်သွယ်မှုတွင် နှစ်အလိုက်တိုးတက်မှုရှိကြောင်း အကောက်ခွန်ဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လလယ်မှ ၂၀၂၆ ခုနှစ် မတ်လလယ်အတွင်း နီပေါရူပီး ၁ ဒသမ ၄၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉.၉၁ ဘီလီယံ) ရှိကာ စုစုပေါင်းကုန်သွယ်မှု ၁၃ ဒသမ ၅၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလတွင် ရူပီး ၁ ဒသမ ၃၀ ထရီလီယံရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခင်ဘဏ္ဍာရေးနှစ်က ရူပီး ၁၅၈ ဒသမ ၁၇ ဘီလီယံရှိခဲ့ရာမှ ယခုနှစ်ကာလအတွင်း ရူပီး ၁၉၁ ဒသမ ၁၁ ဘီလီယံရှိခဲ့ပြီး ပို့ကုန်၂၀ ဒသမ ၈၃ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။
အလားတူပင် သွင်းကုန်သည်လည်း နှစ်အလိုက်တိုးတက်မှု ၁၂ ဒသမ ၅၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ရူပီး ၁ ဒသမ ၁၄ ထရီလီယံမှ ရူပီး ၁ ဒသမ ၂၈ ထရီလီယံအထိ မြင့်တက်လာခဲ့သည်။ (နီပေါ ရူပီး ၁ သည် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၀၆၇ နှင့် ညီမျှသည်)
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


