ချန်ပီယံရှစ်ထိပ်တန်းဂိုးသွင်းရှင် ဇန်ဗီပေါ့သ်နစ်ခ်သည် ဆွမ်ဆီးအသင်းနှင့် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။ စလိုဗေးနီးယားတိုက်စစ်ကစားသမားသည် ယခုနှစ်ရာသီ ချန်ပီယံရှစ် ၃၇ ပွဲတွင် ၁၇ ဂိုးအထိ သွင်းယူထားသည်။ ပီပေါ့သ် နစ်ခ်၏ ယခင်စာချုပ် သက်တမ်းမှာ ၂၀၂၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့သော်လည်း သက်တမ်းတိုးစာချုပ်ကြောင့် ဆွမ်ဆီးအသင်းသည် အဆိုပါ တိုက်စစ်ကစားသမားကို ၂၀၃၀ ပြည့်နှစ်အထိ အသင်းတွင် ထိန်းထား နိုင်တော့မည် ဖြစ်သည်။ အသက် ၂၄ နှစ်အရွယ် ဗီပေါ့သ်နစ်ခ်သည် ၂၀၂၄-၂၀၂၅ ရာသီတွင် ပြင်သစ်ကလပ် ဘော်လ်ဒိုးအသင်းမှ ဆွမ်ဆီးအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်သည်။

မိုးဇက်