တီဟီရန်   မတ်   ၂၅

အီရန်နိုင်ငံက ရန်စတိုက်ခိုက်မှုများတွင် မပါဝင်သည့်နိုင်ငံများမှ သင်္ဘောများအား ဟော်မုဇ်ရေလက်ကြားကို   ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါသင်္ဘောများသည် အီရန်အာဏာပိုင်များနှင့် ညှိနှိုင်းပြီးဘေးကင်းရေးနှင့် လုံခြုံရေးစည်းမျဉ်းများကို အပြည့်အဝလိုက်နာကာ ရေလက်ကြားကို လုံခြုံစွာဖြတ်သန်းနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ၏ အမြဲတမ်းမစ်ရှင်က ယမန်နေ့က  လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ထို့ပြင် အီရန်အာဏာပိုင်များက ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ကုလသမဂ္ဂအေဂျင်စီဖြစ်သည့်  အပြည်ပြည်ဆိုင်ရာ  ရေကြောင်းအဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံများထံ  အလားတူကြေညာချက်ကို ပေးပို့ခဲ့သည်။

သုံးသပ်လေ့လာ

တီဟီရန်က အီရန်အပေါ်စစ်ရေးအရ စစ်ဆင်ရေးများတွင် အမေရိကန်နှင့် အစ္စရေးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည့်နိုင်ငံများကို ဟန့်တားရန် ရည်ရွယ်ပုံရကြောင်း နိုင်ငံရေးသုံးသပ် လေ့လာသူများက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်