တိုကျို မတ် ၂၈

ဂျပန်အစိုးရသည် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ လိုအပ်ချက်များကို ပိုမိုတင်းကျပ်ထားသည့်အတွက် လာမည့်ဧပြီလမှစတင်၍ ဂျပန်နိုင်ငံသားဖြစ်ရန် ၁၀ နှစ်အထက် နေထိုင်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ နိုင်ငံခြားသားများသည် ဂျပန်နိုင်ငံ၌ အနည်းဆုံး ၁၀ နှစ်နေထိုင်ပြီး လူမှုအသိုင်းအဝိုင်းတွင် ကောင်းမွန်စွာ ပေါင်းစည်းနေထိုင်ရမည်ဖြစ်ကြောင်း တရားရေးဝန်ကြီး ဟီရာဂူချီ ဟီရိုရှီက သတင်းထောက်များကို ယမန်နေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရက နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူများ၏ အကျင့်စာရိတ္တကောင်းမွန်မှုနှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်မှုကို အတည်ပြုရန် အခွန်ပေးဆောင်မှု စစ်ဆေးသည့်ကာလကိုလည်း တိုးချဲ့ မည်ဖြစ်ကြောင်း သိရသည်။   လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စည်းမျဉ်း အသစ်အရ အစိုးရက  တင်းကျပ်စွာစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ကျော်ကျော်