ဘိုင်ယန်မြူးနစ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး အိုလစ်အား ပေါင်သန်း ၁၇၀ ကျော်ဖြင့် ခေါ်ယူရန် လီဗာပူးအသင်းက ကမ်းလှမ်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူးအိုလစ်ဟာ ၂၀၂၄ ခုနှစ်က ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၉၄ ပွဲမှာ ၃၆ ဂိုး သွင်းယူပေးခဲ့ကာ  ဂိုးဖန်တီးမှု ၄၃ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်  တိုက်စစ်မှူးအိုလစ်အား  လာမယ့်အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ကလပ်အသင်းအတော်များများက   စိတ်ဝင်စားနေပြီး  အဲဒီအသင်းတွေထဲမှာ လီဗာပူးအသင်းလည်း ပါဝင်လာခဲ့ တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်မှူး အိုလစ်အား ပြောင်းရွှေ့ကြေးပေါင် ၁၇၃ သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့်  ဘိုင်ယန်မြူးနစ်အသင်း အကြီးအကဲ အူလီဟိုးနက်စ်ကတော့  လီဗာပူးအသင်းရဲ့ ကမ်းလှမ်းမှုကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်