ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ် ဆာဘာလန်ကာဟာ မတ် ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ မိုင်ယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ ကိုကိုဂေါက်ဖ်ကို အနိုင်ရရှိခဲ့ပါတယ်။

ဘီလာရုစ်တင်းနစ်မယ်   ဆာဘာလန်ကာဟာ ကိုကိုဂေါက်ဖ်ကို ၆-၂၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက်  ၂၇ နှစ်အရွယ်ရှိ တင်းနစ်မယ် ဆာဘာလန်ကာဟာ ယခုတင်းနစ်ရာသီအတွင်း အင်ဒီယန်ဝဲလ်ပြိုင်ပွဲမှာရော မိုင်ယာမီအိုးပင်းပြိုင်ပွဲမှာပါ ချန်ပီယံဖြစ်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်က ဆွီယာတက်ခ် တစ်ရာသီအတွင်း ဆုဖလားနှစ်လုံးရရှိခဲ့ပြီး နောက်ပိုင်း အင်ဒီယန်ဝဲလ်ပြိုင်ပွဲမှာရော မိုင်ယာမီအိုးပင်းပြိုင်ပွဲမှာပါ ချန်ပီယံဖြစ်ခဲ့တဲ့ ငါးဦးမြောက် တင်းနစ်မယ်လည်း ဖြစ်လာခဲ့ပါတယ်။

ငွေကြယ်