ပွင့်ဖြူ ဧပြီ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ရှိ အောင်သိဒ္ဓိကျောင်းတိုက်ဓမ္မာရုံ၌ ဆက်လက်ကျင်းပသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်း စာသင်တိုက်ကျောင်းများမှ ဖြေဆိုရန်လျှောက်ထားသည့် စာဖြေသံဃာဦးရေ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၃ ပါးရှိပြီး ယနေ့ဖြေဆိုရာတွင် ပထမကြီးတန်းတွင် ရဟန်းခြောက်ပါးနှင့် သီလရှင်တစ်ပါး၊ ပထမလတ်တန်းတွင် ရဟန်းသုံးပါးနှင့် သီလရှင်တစ်ပါး၊ ပထမငယ်တန်းတွင် ရဟန်းတစ်ပါးနှင့် သီလရှင်လေးပါး၊ အခြေပြုမူလတန်းတွင် သာမဏေ လေးပါးနှင့် သီလရှင်တစ်ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန် ပျက်ကွက်စာရင်းအနေဖြင့် ပထမလတ်တန်းတွင် ရဟန်းတစ်ပါး၊ ပထမငယ်တန်းတွင် ရဟန်းတစ်ပါးတို့ ဖြေဆိုရန်ပျက်ကွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ခုနစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)


