ရောမ    ဧပြီ   ၁

အီတလီနိုင်ငံ လမ်ပီဒူဆာကျွန်းတွင် ဧပြီ ၁ ရက်က  တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ  တင်ဆောင်လာသည့်  လှေတစ်စင်းကို ဆယ်ယူရရှိပြီးနောက် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ငါးဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း သိရသည်။

အန်ဆာသတင်းဌာန၏ ဖော်ပြချက်အရ အီတလီကမ်းခြေစောင့်တပ်ဖွဲ့  ကင်းလှည့်ရေယာဉ်များသည် ပယ်လယ်ဂျီကျွန်းများအနီးတွင်  ပျက်စီးနေသော  လှေကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းလှေပေါ်မှ  ရုပ်အလောင်း  ၁၈ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူများမှာ  အပူလွန်ကဲမှုကြောင့်   သေဆုံးခဲ့သည်ဟု ယူဆရကြောင်း ပြည်တွင်းထုတ် လာဆီဆီလီယာသတင်းတွင် ဖော်ပြထားသည်။

ကလေးတစ်ဦးအပါအဝင် လူငါးဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး  အရေးပေါ်ကုသမှုခံယူနိုင်ရန်  ဒေသဆိုင်ရာ ဆေးကုသဆောင်သို့ လွှဲပြောင်းပေးခဲ့သည်။ အာဏာပိုင်များက ကယ်ဆယ်ရေးနှင့် နောက်ဆက်တွဲလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။                      

ဆင်ဟွာ