ပေါင်းတည် ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် နွေစပါးရာသီ၌ စမ်းသပ်စိုက်ပျိုးခဲ့သည့် ရေဆင်းပေါ်ဆန်းစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
အဆိုပါ စိုက်ခင်းများသည် မျိုးစေ့ထုတ်လုပ်၍ ဒေသတွင်းမျိုးပြန့်ပွားရေးအတွက် စံပြကွက်စိုက်ပျိုးထားခြင်းဖြစ်ပြီး ယခုနှစ် နွေစပါးရာသီတွင် ကြူတောကန်ကျေးရွာအုပ်စုနှင့် အုပ်ဖို(၁) ရပ်ကွက် စိုက်ပျိုးခင်းများတွင် ရေးဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း(၂)စပါးမျိုးများ စုစုပေါင်း ၁၀ ဧက စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်သည်။
မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့အနေဖြင့် လာမည့်နှစ်တွင် ဒေသခံတောင်သူများအား ဈေးကွက်ဝင် ပေါ်ဆန်းစပါးမျိုးများ ထည့်သွင်းတိုးချဲ့စိုက်ပျိုးလာနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများနှင့်အတူ မျိုးစေ့များဖြန့်ဝေကာ မျိုးကောင်းမျိုးသန့် ပေါ်ဆန်းစပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုတင်လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေသား(IPRD)


