စပါးအသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ရိုဘတ်တိုဒီဇာဘီကို ခန့်အပ်ခဲ့ပြီးနောက် ရိုဘတ်တို ဒီဇာဘီအနေနဲ့ စပါးအသင်းကို ပရီမီယာလိဂ်မှ တန်းမဆင်းရရေး ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စပါးအသင်းအနေနဲ့ နည်းပြရိုဘတ်တိုဒီဇာဘီကို ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုထားတာဖြစ်ပါတယ်။

စပါးအသင်းက ရိုဘတ်တိုဒီဇာဘီကို အသင်းနည်းပြအဖြစ်ခန့်အပ်ခဲ့ခြင်းဟာ ယခုပရီမီယာလိဂ် ဘောလုံးရာသီ နှစ်လတာကာလအတွင်းမှာ သုံးဦးမြောက်နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။

စပါးအသင်းအနေနဲ့ သောမက်ဖရန့်နဲ့ တူဒေါတို့ကို နည်းပြအဖြစ်ကနေ ထုတ်ပယ်ခဲ့ပြီးနောက် နှစ်လအတွင်းမှာ ရိုဘတ်တိုဒီဇာဘီကို နည်းပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ ၂၀၂၆ ခုနှစ်အတွင်း တစ်ပွဲမှ အနိုင်ရခဲ့ခြင်းမရှိဘဲ လက်ရှိအချိန်မှာ ပရီမီယာလိဂ် အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

နည်းပြ ရိုဘတ်တိုဒီဇာဘီအနေနဲ့  စပါးအသင်းနဲ့အတူ စတင်တာဝန်ယူကိုင်တွယ်ရမယ့်ပွဲစဉ်ဟာ ဧပြီ ၁၂ ရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ဆန်းဒါးလန်းအသင်းနဲ့ ပွဲစဉ်ဖြစ်ပြီး အခြားသော  ပရီမီယာလိဂ်ပွဲစဉ်တွေကတော့ လိဒ်ယူနိုက်တက်အသင်း၊ အဲဗာတန်အသင်း၊ ဝုလ်ဗာဟမ်တန်အသင်း၊ အက်စ်တွန် ဗီလာအသင်း၊  ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်တွေလည်း ဖြစ်ပါတယ်။

ငွေကြယ်