မန်စီးတီးအသင်းက စာချုပ်သက်တမ်းထပ်တိုးချုပ်ဆိုခြင်း  မပြုလုပ်တော့တဲ့ အင်္ဂလန်နောက်တန်း  ကစားသမား ဂျွန်စတုန်းကို အသင်းဟောင်း အဲဗာတန်အသင်းက ပြန်လည်ခေါ်ယူဖို့ စောင့်ကြည့်မှု တွေပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အသက်  ၃၁ နှစ်အရွယ်ရှိ နောက်တန်းကစားသမား ဂျွန်စတုန်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီမီယာလိဂ်ဖလား ခြောက်ကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်၊ ကာရာဘောင်ဖလား သုံးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်တို့ကို ရယူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နောက်တန်းကစားသမား ဂျွန်စတုန်းကို အသင်းဟောင်း အဲဗာတန်အသင်းက ခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေပေမယ့် ကစားသမားကိုယ်တိုင်က ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ငွေကြယ်