ဗန်ကောက်   ဧပြီ   ၆

ထိုင်းဝန်ကြီးချုပ်   အနုတင်ချက်ဗီရာကား ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသည်  ဧပြီ ၆ ရက် က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တော်ဝင်အမိန့် ထုတ်ပြန်ပြီးနောက် ဆောင်ရွက်ခြင်းဖြစ်သည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီး ၃၅ ဦးပါဝင်သည့် ထိုင်းအစိုးရအဖွဲ့သည် ဘုရင်ဝိဇယလောင်ကွန်း၏ ရှေ့တော်တွင်  ဗန်ကောက်မြို့    ဒူးဆစ်နန်းတော်၌   ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ကျမ်းသစ္စာကျိန်ဆိုပွဲသို့  ဝန်ကြီးချုပ် အနုတင်ချာဗီရာကားအပါအဝင် ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ တက်ရောက်ခဲ့သည်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲပြီးသည့်အချိန်တွင် ဝန်ကြီးအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့သည်။

ဝန်ကြီးချုပ်အနေဖြင့် မကြာမီရက်များအတွင်း ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။  မတ်လတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် အနုတင်ချာဗီရာကားအား ဝန်ကြီးချုပ် ရာထူးသက်တမ်းအတွက် ဒုတိယအကြိမ်ထမ်းဆောင်ရန် ရွေးချယ်ခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ