တောင်ကြီး ဧပြီ ၇
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စား လှယ်များ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကို ယ်စားလှယ် ၉၉ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၃၃ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စား လှယ်ဦးရေ ၁၃၂ဦး ရှိသည့်အနက် ၁၃၁ ဦး တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၂၄ ရာခိုင်နှုန်းရှိသည့် အတွက် ပြည်နယ်လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပ ကြောင်း ကြေညာသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူက ပြည်နယ်ဥပဒေချုပ် အမည်စာရင်းနှင့် ပြည်နယ်စာရင်းစစ်ချုပ် အမည်စာရင်းတို့ကို လွှတ်တော်သို့တင်ပြပြီး အမည် စာရင်းတင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူက ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပေးပို့လာသည့်အမည်စာရင်းကို ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့တင်ပြပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းတင်သွင်းထားသည့် လူပုဂ္ဂိုလ်ခုနစ်ဦးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ယင်းနောက် ဦးစိုင်းကျော်ဇံအား ပြည်နယ် ဥပဒေချုပ်နှင့် ဒေါ်ခင်ထွေးရီအား ပြည်နယ်စာရင်း စစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူ ကြောင်းနှင့် ဦးသန်းဦးလွင်အား ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ဒေါ်စန္ဒာအောင်၊ ဦးအောင်မော်နှင့် ဒေါ်သူဇာအောင် တို့ သုံးဦး၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော် ၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။
မောင်မောင်သန်း(တောင်ကြီး)


