လွိုင်ကော် ဧပြီ ၇
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် လွိုင်ကော်မြို့ရှိ လွှတ်တော်အဆောက်အအုံ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုပေးပို့လာသည့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၏ အမည်စာရင်းကို လွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် သဘောတူကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုပေးပို့လာသည့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တရားလွှတ်တော် တရားသူကြီး ချုပ်၏အမည်စာရင်းကို လွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်အားလုံးက သဘောတူ သည့်အတွက် သဘောတူကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုပေးပို့လာသည့် တရားလွှတ်တော် တရားသူကြီး ချုပ်အမည်စာရင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူက အဆိုပြုပေးပို့လာသည့် တရားလွှတ်တော်တရားသူကြီးများ၏ အမည်စာရင်းများကို လွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်အားလုံးက သဘောတူ သည့်အတွက် သဘောတူကြောင်း ကြေညာသည်။
ပြည်နယ်ဝန်ကြီးများအဖြစ် ဗိုလ်မှူးကြီးသန်းစိုးအောင် (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)၊ ဦးတင်လှ (စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး)၊ ဦးအောင်မျိုးသိန်း (လူမှုရေးရာ ဝန်ကြီး)၊ ဦးရဲဝင်း(လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး)၊ ဦးဂျိုးဇက်ကျော် (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး)၊ ဒေါ်နှင်းနှင်းရီ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး)၊ ဦးစောဟူးဟူး (စည်ပင်သာယာ ရေးဝန်ကြီး)နှင့် ဒေါ်ခင်သန္တာထွန်း (ဗမာတိုင်းရင်းသားရေးရာဝန်ကြီး) တို့ကို ကယားပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


