ကွာလာလမ်ပူ   ဧပြီ  ၁၉

မလေးရှားနိုင်ငံ  ဆာဗားပြည်နယ်ရှိ  ကမ်းရိုးတန်းကျေးရွာတစ်ရွာတွင် ဧပြီ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ  ၁၀၀၀  ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံ  ၉၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မြေဧက လေးဟက်တာ မီးလောင်မှုကြောင့် ပျက်စီးခဲ့ပြီး ဒေသတွင်း ရေရရှိနိုင်မှုနည်းပါးခြင်းကြောင့် မီးသတ်လုပ်ငန်းများနှောင့်နှေးခဲ့ကြောင်း ဆန်ဒါကန်ခရိုင် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန တာဝန်ရှိသူ ဂျင်မီလန်ဂန်က ပြောကြားသည်။

အခင်းဖြစ်ဒေသတွင် သစ်သားအိမ်များ နီးကပ်စွာတည်ရှိခြင်းနှင့် လေတိုက်ခတ်မှုပြင်းထန်ခြင်းကြောင့်  မီးလောင်ကျွမ်းကူးစက်မှု ပြင်းထန်ခဲ့ကြောင်း သိရသည်။ ၎င်းဖြစ်ရပ်သည် ဧပြီ ၁၉ ရက် နံနက် ၁ နာရီ ၃၂ မိနစ်တွင်  ဖြစ်ပွားခြင်းဖြစ်သည်။ မီးလောင်မှုဒဏ်ခံစားခဲ့ရသည့် ဒေသခံများကို ယာယီခိုလှုံရေးစင်တာများတွင် ခိုလှုံခွင့်ပေးခဲ့ကြောင်း သိရသည်။            

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ