တောင်ကြီး ဧပြီ ၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့်အတူ အားကစားရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် ၂၀၂၆ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၅)နှစ်အောက် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ တောင်ကြီးခရိုင် (အမျိုးသား/အမျိုးသမီး)အသင်းက ပထမဆုဖလားရရှိခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းရေးမှူး နှင့် တာဝန်ရှိသူများက ပထမဆုရရှိသည့် တောင်ကြီးခရိုင်အမျိုးသား/အမျိုးသမီးအသင်း၊ ဒုတိယဆုရရှိသည့် ကလောခရိုင်အမျိုးသားအသင်းနှင့် လားရှိုးခရိုင်အမျိုးသမီးအသင်း၊ ပူးတွဲတတိယဆုများ ရရှိခဲ့ကြသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသား/အမျိုးသမီးအသင်း၊ တာချီလိတ်ခရိုင် အမျိုးသားအသင်း၊ မိုင်းဆတ်ခရိုင် အမျိုးသမီးအသင်းတို့အားလည်းကောင်း၊ ဆက်လက်ပြီး ပြိုင်ပွဲတွင်အကောင်းဆုံးဆုများရရှိခဲ့ကြသော အားကစားသမားနှင့် ပြိုင်ပွဲတွင်ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြုဆုဖလားနှင့် ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိခဲ့ကြသောအသင်းများအား ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ငွေကျပ် စုစုပေါင်း ငွေကျပ် ၅၄ သိန်းအား ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


