ဂျပန်တင်းနစ်ကစားသမား နီရှီကိုရီဟာ ယခုတင်းနစ်ရာသီကုန်ချိန်မှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ကြေးတံဆိပ်ရယူဆွတ်ခူးနိုင်ခဲ့

အသက် ၃၆ နှစ်အရွယ်ရှိ  ဂျပန်တင်းနစ်ကစားသမား နီရှီကိုရီဟာ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ဘရာဇီးအိုလံပစ်အားကစားပြိုင်ပွဲမှာ ကြေးတံဆိပ်ရယူဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်ကလည်း   အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့  အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ကို  တက်လှမ်းခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

တင်းနစ်ကစားသမား နီရှီကိုရီဟာ ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမားဘဝကို ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိကစားသမားဘဝက‌နေ အနားယူဖို့ ပြင်ဆင်ချိန်မှာတော့ ကမ္ဘာ့အမျိုးသားတစ်ဦးချင်းအဆင့်မှာ ၄၆၄ အထိ လျော့ကျခဲ့ရတာလည်းဖြစ်ပါတယ်။

ငွေကြယ်