ရန်ကုန် မေ ၃
မြန်မာ ယူ-၁၇ အမျိုးသားလူငယ်လက်ရွေးစင်အသင်းသည် ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၇ အသင်း အပြီးသတ်လူစာရင်းကို မေ ၃ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရနေသူအချို့မှလွဲ၍ အမာခံကစားသမားအစုံအလင် ပါဝင်လာ သည်။ မြန်မာ ယူ-၁၇ အမျိုးသားလူငယ်လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းတွင် ဂိုးသမား - ထက်ဝေယံ၊ လင်းလတ်ထွန်း၊ ရှင်းသန့်ထူး၊ နောက်တန်း - အောင်သီဟ၊ မျိုးခန့်ကျော်၊ မြင့်မြတ်ကိုကို၊ ဝင်းဇော်၊ ပိုင်စိုးကျော်၊ အောင်ဆက်ပိုင်၊ ဖုန်းခန့်အောင်၊ မြတ်မင်းသူ၊ အလယ်တန်း- ကောင်းခန့်၊ ဝင်းမင်းသန့်၊ ဟန်ထူးလွင်၊ အံ့ထူးပိုင်၊ ချန်လန်းတိန်း၊ အောင်မြတ်သာ၊ စိုင်းမြတ်မင်း၊ လင်းရောင်၊ နေမျိုးသူ၊ အောင်ကောင်းမြတ်၊ ရှေ့တန်း - ညီညီသန့်၊ ဒီဝေယံတို့ ပါဝင်ကြသည်။
မြန်မာအသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်၊ ထိုင်းအသင်းတို့နှင့် အုပ်စု (A) တွင် ကျရောက်နေပြီး အုပ်စုပွဲများအဖြစ် မေ ၅ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲတွင် အိမ်ရှင် ဆော်ဒီအာရေဗျအသင်း၊ မြန်မာစံတော်ချိန် မေ ၁၀ ရက် နံနက် ၀၀ နာရီတွင် တာဂျစ်ကစ္စတန်အသင်း၊ မေ ၁၂ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲတွင် ထိုင်းအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


