ရန်ကုန်    မေ    ၇

ONE Friday Fights 153 & The Inner Circle ပြိုင်ပွဲကို မေ ၈ ရက်  ညပိုင်းတွင်  ထိုင်းနိုင်ငံ  ဗန်ကောက်မြို့ရှိ လုဗ္ပနီအားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာဖိုက်တာနှစ်ဦး၏တွဲဆိုင်းများ  ပါဝင်လာမည်ဖြစ်သည်။

မြန်မာဖိုက်တာနှစ်ဦးဖြစ်သည့် သွေးလင်းထက်နှင့် ရဲရင့်နောင်တို့သည် ထိုင်းဖိုက်တာများနှင့်   ထိုးသတ်ရမည်ဖြစ်ပြီး   ရဲရင့်နောင်က ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်၊ သွေးလင်းထက်က ဆက်ဆာတွန်နှင့် ထိုးသတ်ရမည်ဖြစ်သည်။ သွေးလင်းထက်သည်  နောက်ဆုံးနှစ်ပွဲ ဆက်တိုက်ရှုံးနိမ့်ထားမှုကို အဆုံးသတ်ရမည်ဖြစ်ပြီး ONE နှင့် ရှစ်ပွဲထိုးသတ်ရာတွင် ငါးပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားသည်။ သွေးလင်းထက်နှင့် ထိုးသတ်မည့် ဆက်ဆာတွန်သည် ONE နှင့် ၁၀ ပွဲထိုးသတ်ရာတွင် ရှစ်ပွဲအထိ အနိုင်ရထားပြီး ယခုနှစ်အတွင်းထိုးသတ်သည့်ပွဲတွင် အီရတ်ဖိုက်တာကို ရှုံးနိမ့်ထားသည်။

မြန်မာဖိုက်တာ ရဲရင့်နောင်သည်  ONE  နှင့်   ဒုတိယမြောက်ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး ပထမပွဲတွင် မလေးရှားဖိုက်တာ ဂါဇာလီကို ရှုံးနိမ့်ထားသည်။    ရဲရင့်နောင်နှင့်ထိုးသတ်မည့်  ခွန်ပွန်နွိုင်သည်  မြန်မာဖိုက်တာများနှင့်  ထိုးသတ်ဖူးသည့် အတွေ့အကြုံရှိသူဖြစ်ပြီး ဆွန်ရက်ခ်၊ မိုးထက်အောင်နှင့် သန့်ဇင်တို့ကို အနိုင်ရထားသည်။

သတင်း-ချစ်ကိုကို