မြစ်သား မေ ၉

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းသီးနှံ ၂၉၂၀၈ ဧက စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်နှင့် အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

 

ထို့ပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ၊ မျိုး၊ ပိုး) တာဝန်ခံဝန်ထမ်းများကလည်း မြို့နယ်အတွင်းရှိ တောင်သူများ နွေနှမ်းသီးနှံစိုက်ပျိုးရာတွင် တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေး မြေဆီလွှာကောင်းမွန်စေရန် လုပ်ဆောင်ရမည့် နည်းစနစ်များ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် အခြေခံသီးနှံစိုက်ပျိုးနည်းစနစ်များကို ကွင်းဆင်းပညာပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)