မိတ္ထီလာ မေ ၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စက်မှုလယ်ယာဗဟို သင်တန်းကျောင်၌ အစိုးရသစ်၏ ရက်(၁ဝဝ) စီမံချက်တွင် ပါဝင်သည့် အမှတ်စဉ် (၁/၂ဝ၂၆) လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူးသင်တန်း)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးထွန်းထိန်လင်းက သင်တန်းဆိုင်ရာ အချက်အလက်များကို ပြောကြားသည်။
သင်တန်းသို့ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများမှ သင်တန်းသား ၅၄ ဦး တက်ရောက်ပြီး သင်တန်းကာလ ရှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


