ကြာအင်းဆိပ်ကြီး မေ ၁၉

 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီအတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆွေးနွေးပွဲနှင့် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးရုံး သင်တန်းခန်းမ၌ ကျင်းပသည်။ 

 

ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝေလင်းညွန့်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေးတို့ကို ဆွေးနွေးသည်။

 

လက်တွေ့သရုပ်ပြသ

 

ထို့နောက် တာဝန်ရှိသူများက ကျေရွာအုပ်စု ခုနစ်အုပ်စုမှ တောင်သူများကို သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်များပေးအပ်ပြီး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် ကြဲပက်မှုကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)