ကမမောင်း မေ ၂၅
ကရင်ပြည်နယ် ကမမောင်းမြို့၌ တောင်သူ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မိဇိုင်းကျေးရွာနှင့် ဝါကော်ကျေး ကျေးရွာတို့တွင် ကျင်းပသည်။
ဟောပြောပွဲတွင် ကမမောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်က မြေကြီးအာဟာရ ပြည့်ဝစေရန် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်း၊ အပင်သက်တမ်း ၄၅ ရက် ပြည့်လျှင် ထယ်ထိုးမြေမြှုပ်ခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက် စေခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် E.M ဘိုကာချီ မြေဆွေး ပြုလုပ်သုံးစွဲခြင်း၊ ရိတ်သိမ်း ချိန်ကာလ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေး လိုက်နာရမည့် လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအတိုင်း လိုက်နာကျင့်သုံးနိုင်ရေး နည်းလမ်းများကို အသိပညာပေး ဆွေးနွေးပြီး တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)


