မြဝတီ မေ ၂၅

 

ကရင်ပြည်နယ် မြဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ၁၀ မျိုး၊ ၁၀ ပေါင် စားဖိုဆောင် သီးပင်စားပင်များ၊ ငွေနှင်းမှိုမျိုးထုပ်များပေးအပ်ခြင်းနှင့် လက်တွေ့စိုက်ပျိုးခြင်း ပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

 

ရှင်းလင်းပြောကြား

 

ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းရွှေက ၁၀ မျိုး၊ ၁၀ ပေါင် စားဖိုဆောင်သီးပင်စားပင် မျိုးစေ့များနှင့် ငွေနှင်းမှိုများ စိုက်ပျိုးနည်းအဆင့်ဆင့် နည်းပညာများ၊ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားစနစ်ကို အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ၁၀ မျိုး၊ ၁၀ ပေါင် စားဖိုဆောင်သီးပင်စားပင် မျိုးစေ့များကို လက်တွေ့စိုက်ပျိုး သရုပ်ပြသကြရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)