မြစ်ကြီးနား မေ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက မြစ်ကြီးနားမြို့နယ် အတွင်းရှိ မော်ဖောင်းကျေးရွာ နယ်မြေ(၇)အတွက် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း ၁၅၀ ကို ယနေ့ လွှဲပြောင်းပေးအပ်သည်။
ဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်စိန်လှက စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေ အနေများကို ရှင်းလင်းပြောကြားကာ မော်ဖောင်းကျေးရွာ ကော်မတီအဖွဲ့ဝင်များ ကိုယ်စား ကော်မတီအဖွဲ့ဝင်များက စီမံကိန်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝင်းက စီမံ ကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မည့် မော်ဖောင်းကျေးရွာ နယ်မြေ(၇)အတွက် VDP စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၅၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


