နေပြည်တော် မေ ၂၈

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက်ရှိရာ မေ ၂၉ ရက်(သောကြာနေ့)ညပိုင်းတွင် “မိုးစက်လေးများ အမည်ပေးထားသည့် တေးဂီတဖျော်ဖြေပွဲနှင့် တိုက်ရိုက်(Live)ရိုက်ကူးထုတ်လွှင့် ပြသမည်ဖြစ်သည်။

 

မိုးစက်လေးများ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ကျော် တေးသံရှင်များဖြစ်ကြသည့် ရသ၊ ရိုတ၊ ဈာန်ထူး၊ သုတဦး၊ နိုင်စည်သူ၊ ဂျင်းနီ၊ မေ့ချစ်သက်၊ လွန်းရွှေရည်သာ၊ လေပြေသျှိုင်းနှင့် ဇင်သူသူအောင်တို့က တိမ်များပြိုပြီး ရွာသွန်းဖြိုးလာသည့်၊ ကြည်လင်အေးမြသည့် မိုးရေစက်လေးများကြောင့် လန်းဆန်းတက်ကြွမှုကို ဖြစ်ပေါ်စေမှု၊ မုတ်သုံ မိုးပုလဲပန်းများကြောင့် စိမ်းစိုအေးမြစေမှု၊ မိုးဥတု၏ သဘာဝမြင်ကွင်းများ သာယာလှပမှုတို့ကို ရေးစပ်သီကုံးဖွဲ့ဆိုထားသည့် မိုးရာသီဖွဲ့တေးသီချင်းကောင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

 

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြား၏ MRTV-HD Channelနှင့် MRTV Entertainment Channel တို့မှ မေ ၂၉ ရက် (သောကြာနေ့) ည ၉ နာရီခန့်တွင် တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ရာ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

 

ထို့ပြင် မေ ၃၁ ရက်(တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်