ဟားခါး မေ ၂၈
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးသည် ကော်မတီဒုတိယ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းလာပါက ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အားနည်းလာမည် ဖြစ်ပြီး နောက်ဆက်တွဲအဖြစ် မလိုလားအပ် သော ထိခိုက်နစ်နာဆုံးရှုံးမှုများလည်း ဖြစ်ပေါ် လာနိုင်ကြောင်း၊ သို့ဖြစ်၍ တရားဥပဒေစိုးမိုးမှု ရှိရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကြ ပြီး ပြန်လည်တည်ဆောက်ရေးပစ္စည်းများ ဖြစ် သည့် သွပ်၊ သံ၊ ဘိလပ်မြေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အိမ်ထောင်စု ၈၅ စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ နှစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိအတွက် ထောက်ပံ့ငွေကျပ် ၂၁၄၉၀၅၆၀ ပေးအပ်ရာ ဒေသခံပြည်သူများ ကိုယ်စား မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တီးတိန်မြို့ပေါ်၌ အစိုးရပိုင်အဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့မှုအခြေအနေ၊ အစိုးရ၊ တပ်မတော်နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိနှင့် တီးတိန်မြို့ ကုတင်(၁၀၀) ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


