စေတုတ္တရာ မေ ၂၈
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံသားစိစစ်ရေး ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌ ပြုလုပ်သည့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ဖြန့်ဝေခဲ့သည်။
ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စေတုတ္တရာမြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူး ဦးတင်မိုးကျော်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)


