ရန်ကုန်     မေ     ၃၁

မြန်မာနေရှင်နယ်လိဂ်ကလပ် ဒဂုံစတားယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် နိုင်ငံခြားသား ကစားသမားနှစ်ဦး ခေါ်ယူအားဖြည့်ခဲ့သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည် တိုက်စစ်ပိုင်းအားဖြည့်ရန်  နိုင်ငံခြားသားကစားသမား နှစ်ဦး ခေါ်ယူခဲ့ပြီး MNL တွင် ကစားဖူးသည့် ကစားသမားများအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် ရခိုင်ယူနိုက်တက်အသင်းတွင် ကစားခဲ့ဖူးသည့် တိုက်စစ် ကစားသမား ကင်မရွန်းနိုင်ငံသား မီဆိုနှင့် Dagon Port အသင်းတွင် ကစားဖူးသည့် တိုက်စစ်မှူး ကင်မရွန်း နိုင်ငံသား အဲရစ်ကန်တိုနာတို့ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့သည့် ပြည်တွင်းကစားသမားအများစုနှင့် လမ်းခွဲခဲ့သလို ပေါ်တူဂီနိုင်ငံသား နည်းပြချုပ် ရူအီနှင့်လည်း လမ်းခွဲထားသည်။ ရာသီသစ်အတွက်နည်းပြချုပ်သစ်အဖြစ် ဦးချစ်နိုင်အား ခန့်အပ်ထားပြီး လက်ရှိတွင်  နိုင်ငံခြားသား ကစားသမားနှစ်ဦး ခေါ်ယူထားကာ ပြည်တွင်းကစားသမားများ ဆက်တိုက်ခေါ်ယူဖွယ်ရှိနေသည်။  

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-DSUFC