လီဗာပူးအသင်းသည် အန်းဖီးလ်တွင် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အာနေးစလော့သ်ကို နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၄၇ နှစ်အရွယ် နယ်သာလန်လူမျိုးနည်းပြ အာနေးစလော့သ်သည် လီဗာပူးအသင်းသို့ စရောက်သည့်ရာသီတွင် အသင်းကို အကြိမ် (၂၀) မြောက် ပရီမီယာလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။ သို့သော်လည်း ယခုနှစ်ရာသီတွင် လီဗာပူးအသင်းကို အဆင့်(၅) နေရာဖြင့် ရာသီပိတ်သိမ်းနိုင်အောင်သာ ကူညီပေးထားနိုင်သည်။
လီဗာပူးအသင်းသည် စလော့သ်၏နေရာကို ဘုန်းမောက်အသင်းမှ ထွက်ခွာတော့မည့် အသက် ၄၃ နှစ်အရွယ် နည်းပြ အန်ဒိုနီအီရာအိုလာဖြင့် အစားထိုးသွားဖွယ်ရှိသည်။
မိုးဇက်


