ကမ္ဘာ့အဆင့် (၁) ဘယ်လာရုစ် တင်းနစ်မယ် အရွိုင်နာ ဆာဘယ် လင်ကာသည် ပြင်သစ်အိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ စတုတ္ထအဆင့်တွင် ဂျပန်ထိပ်တန်း တင်းနစ်မယ် နာအိုမီ အိုဆာကာ ကို ၇-၅၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ဆာဘယ်လင်ကာ(ယာပုံ)သည် ပြင်သစ်အိုးပင်းအမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ရုရှားတင်းနစ်မယ် ဒိုင်ယာနာ ရှနိုက်ဒါနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရှနိုက်ဒါသည် စတုတ္ထအဆင့်တွင် အမေရိကန်တင်းနစ်မယ် မက်ဒီဆင်ကီးစ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၆-၃၊ ၃-၆၊ ၆-၀ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်း လာသူဖြစ်သည်။
အောင်ဇော်


