မကွေး ဇွန် ၂
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများ သတ်မှတ်အတန်းများ အလိုက် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှု၊ ဆရာ ဆရာမများ၏ သင်ကြားပြသပေးနေမှု၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ စုံလင်စွာ ထောက်ပံ့ပေးအပ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးကာ ကျောင်းများအတွက် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မကွေးတိုင်းဒေသကြီးတွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၄၄၁၆ ကျောင်းတို့ ဖွင့်လှစ်လျက်ရှိပြီး ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၈၄၁၈၅ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)


