ရေကြည် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတား လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ပုသိမ်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်အေးမြတ်မွန်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလ အတွင်းပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


