ထားဝယ် ဇွန် ၃

 

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန သူနာပြု-သားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ သူနာပြုသိပ္ပံ(ထားဝယ်) ခန်းမဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြည်သူ့ဝန်ထမ်းကောင်းများ၊ အရည်အသွေးပြည့် သူနာပြုကောင်းများကို သူနာပြု သိပ္ပံ(ထားဝယ်)က မွေးထုတ်ပေး လျက်ရှိကြောင်း၊ သူနာပြုများသည် လူနာများနှင့်အချိန်ပြည့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရပြီး လူနာ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုအခြေအနေများကို အခြားကျန်းမာရေးဝန်ထမ်းများထက် ပိုမိုသိရှိပြီး ကူညီပေးနိုင်သည့် တန်ဖိုးရှိသောကျန်းမာရေး ဝန်ထမ်းကောင်းများဖြစ်ကြောင်း ပြောကြားပြီး သူနာပြုသိပ္ပံ (ထားဝယ်) ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က သင်တန်းသား သင်တန်းသူ ၄၅ ဦးအား သူနာပြု-သားဖွား ဒီပလိုမာ အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)