မြစ်ကြီးနား ဇွန် ၃

 

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသိပ္ပံ(မြစ်ကြီးနား)၏ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ် သင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသိပ္ပံ (မြစ်ကြီးနား) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်၍ အမှာစကားပြောကြားသည်။

 

ပေးအပ်ချီးမြှင့်

ထို့နောက် ၂၀၂၆ ပညာသင်နှစ်အတွက် သူနာပြုသင်တန်း တက်ရောက်ရန် အခြေခံအရည်အချင်းစစ် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသည့် သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသား သင်တန်းသူ ၄၉ ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းပေးပြီး အခြေခံ အရည်အချင်းစစ် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပထမ၊ ဒုတိယ၊  တတိယဆုရ  သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ သူနာပြုသိပ္ပံ(မြစ်ကြီးနား)အနေဖြင့် ယခင်က သူနာပြုသင်တန်းကျောင်းအဖြစ်ရှိခဲ့ရာမှ ယခုပညာသင်နှစ် ဧပြီလမှစ၍ သူနာပြုသိပ္ပံ (မြစ်ကြီးနား)အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ဒေသတွင်းရှိ လူငယ်/ မောင်မယ်များကို သူနာပြု-ဒီပလိုမာရရှိသူများအဖြစ် စနစ်တကျ လေ့ကျင့်မွေးထုတ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိ သူနာပြုပေါင်း ၁၆၂၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)